06 KgmalayAhTwat.mp3

ကျေးဇူးတင်လွှာ 

       ဒီစာမျက်နှာလေးကတော့ကျွန်တော်ဒီတရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လာရောက်ဖို့ အတွက်အစစအရာရာကူညီပေးခဲ့ သူများအားဒီနေရာမှကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါသည်။ပထမဦးစွာ လိုအပ်တိုင်းပေးပို့ ခဲ့သောမိဘနှစ်ပါးကိုကန်တော့အပ်ပါသည်။ထို့ နောက် ဒီကိစ္စအတွက် ခရီးထွက်တိုင်းလိုအပ်သောနေ့များကိုအမြဲခွင့်ပြုပေးခဲ့သောဌာနတာဝန်ခံ Dr.အေးအေးခိုင်၊ နှင့်ဌာနမှဆရာဆရာမများ၊အား၊ ကျွန်တော့ supervisor-Dr.၀ိုင်းနွေနွေဦးအားကျေးဇူးတင်ရှိပါသည်။ ထို့ နောက် co supervisor-/စီနီယာ/ဖြစ်ပြီးအစproposel ရေးသည်မှနောက်ထွက်ခါနီးအထိ ကူညီခဲ့ သောDr.အောင်ကိုကိုဦး(ဦးဦးဗိုက်)။နောက်တူမ မပေးပဲကပ်စီးနဲသော/အစစ အရာရာကူပြီးပူပန်ကာလုပ်ပေးခဲ့သော/co supervisor လေးလေးအောင်သူဟိန်း တို့ အားအလွန်ကျေးဇူးတင်ရှိ ပါသည်။ ထို့ နောက်ဆရာတစ်ပါးဖြစ်သော၊အမြဲအကြံပေးတတ်သော။ဂျီသမျှခံခဲ့ သောတိုကြီး Dr. ကိုကိုဝင်းနဲ့ မကြီးDr.မြင့်သက်နွယ်။နောက် သင်ကြားရေးဌာနမှူး Dr.အောင်သူဖြိုး၊ English ကိုအများဆုံးပြုပြင်ပေးသော ဆရာကိုကြီး Dr. ဦ;ထွန်းထွန်းဦး   ၊နောက်အမြဲဘေးနားမှရှိပြီး အစစအရာရာလုပ်ပေးခဲ့ သော အားရင်ဂျီကျဖို့စဉ်းစားသော ကောင်မလေး စန်းစန်းဦးတို့ကို ကျေးဇူးတင်ပါတယ်။ ဒီလောက်နဲ့ မလုံလောက်ဘူးဆိုတာလဲ သိပါတယ်။  နောက်စကားကိုဂွကျကျပြောတတ်သော၊ ကန့်လန့်ပြောပေမယ့်စိတ်ထားအရမ်းကောင်းသော သူငယ်ချင်း နေအောင်။ နောက်လုပ်ဖော်ကိုင်ဖက် ဇင်မင်းထွး၊ ကိုဝင်းမောင်မောင် တို့ကိုလဲကျေးဇူးတင် ပါသည်။ နောက်ညကြီးမိုချုပ်ကားဂိတ်လိုက်ပို့ ပေးသော သူငယ်ချင်း စအောင်ကိုကို၊ မင်းနိုင်ထွန်း၊ ဆရာချစ် ခေါ် Dr. ချစ်မင်း။ လေးပေါင်( မင်းဖေယျာစိုးထက်) ၊ဇော်ဇော်ထက်(ဦးမျောက်ကြီး)၊ နေပြည်တော်မှ မိန်းမိန်းခေါ်နန်းအေးမြတ်မွန်။မိုးကြီး။ဂီစိုး နဲ့ အားလုံးသော သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ထို့ နောက်ဒီကိုရောက်လာပြီးလျှင် အစစအရာရာကူညီခဲ့ သော၊ စိတ်ပျက်စရာ အဆင်မပြေစရာကြုံတိုင်းဖုန်းဆက်ကာ အားပေး အကြံပေးသော မမေ(မေစန္ဒာကြိုင်)၊ မငုဝါနွယ် တို့ကိုလဲကျေးဇူးတင်ပါသည်။ နောက်ဒီရောက်လာမှသိပေမယ့် အရင်ထဲကသိသလို ရင်းနှီးရသော အဆင်မပြေမှုကြုံတိုင်းအားပေးသော  ခင်ဝါ၀ါထိုက်၊ လွင်သူဘိုဘို၊ ခိုင်သဇင်ထွန်းတို့။ ကိုလဲကျေးဇူးတင်ပါတယ်။ နောက် အရမ်းအားနာတတ်သော၊ ကူညီပေးသောPhd 3rd batch မှ မတင်မေသက် ကိုလဲကျေးဇူးတင်ပါသည်။ ရောက်ပြီးအဆင်ပြေသလားဟုမေးတတ်သော ကူညီပေးခဲ့ သော စီနီယာများ Dr .နော်ခိုင်သက်ဝေ။Dr.ဇင်မာလင်း၊Dr. မျိုးမြင့်ဟန်  Dr.သွယ်သွယ်ဝင်း နဲ့  အားလုံးသောသူများကိုလဲကျေးဇူးတင်ပါတယ်။ ကျန်ရှိသေးသောသူရှိလျင်လဲ ခွင့်လွှတ်ပေးစေလိုပါသည်။

ကျေးဇူးတင်စွာဖြင့်

ပြည့်ဖြိုးမောင်

ခေတ္တ တရုက်ပြည်သူ့ သမ္မတနိုင်ငံ

Jiangnan University

 

This free website was made using Yola.

No HTML skills required. Build your website in minutes.

Go to www.yola.com and sign up today!

Make a free website with Yola